Local News

ကချင်ပြည်နယ်၏ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၈ ရက်မှ ၂၄ ရက် အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုအခြေအနေ

Last Updated:

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၂ ခုနှစ်၊  ဇွန်လ ၁၈ ရက်မှ ၂၄ ရက်နေ့များအတွင်း တင်ပို့ခဲ့သည့်ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ ပဲတီစိမ်း၊ နှမ်းနက်၊ ဆန်၊ ဆန်ကွဲ၊ မြေထောက်ပဲ၊ ကြံ၊ ကြိမ်၊ ငရုတ်သီး(အခြောက်)၊ ပဲယင်း နှင့် Aluminium Alloy များတင်ပို့ခဲ့ကြောင်းသိရှိရပါသည်။

လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ငွေပမာဏသည် ၃၀၄၁၃၃၃ ဒဿမ ၀၃ ကန်ဒေါ်လာ ဖြစ်ပြီး၊ ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ ငွေပမာဏမှာ ၁၁၁၆၂၁၆ ဒဿမ ၂၂ ဒေါ်လာဖြစ်၍ တင်ပို့ကုန်၏ငွေပမာဏ စုစုပေါင်းတန်ဖိုးမှာ ၄၁၅၇၅၄၉ ဒဿမ ၂၅ ကန်ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။

သွင်းကုန်ပစ္စည်းများမှာ  သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ၊ သားရေ/ သားရေတုဖြင့်ပြုလုပ်သောပစ္စည်းများ၊ ချုပ်ပြီးအဝတ်အထည်များ၊ ချည်ထည်များ၊ အခြားချည်ခင်များ၊  လယ်ထွန်စက်များ၊ ဓါတ်မြေဩဇာများ၊ ဓာတုဗေဒချည်ခင်များ၊ ထီးနှင့် Empty Cargo Container 45' Feet များတင်သွင်းမှုရှိခဲ့ပါသည်။ ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ငွေပမာဏမှာ ကန်ဒေါ်လာ ၅၇၂၂၂ တင်သွင်းမှုရှိခဲ့ပြီး၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ငွေပမာဏမှာ ကန်ဒေါ်လာ ၇၈၀၆၇၅ ဖြစ်၍ တင်သွင်းကုန်၏ စုစုပေါင်းငွေပမာဏတန်ဖိုးမှာ ကန်ဒေါ်လာ ၈၃၇၈၉၇ တင်သွင်းမှုရှိခဲ့ပါသည်။

မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေလဲနှုန်းမှာ မြန်မာငွေ ကျပ် ၁၀၀ လျှင် တရုတ်ယွမ် သုည ဒဿမ ၃၆၁ ယွမ်ဖြစ်ပြီး၊ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၂၇၇ ကျပ်ရှိကြောင်းသိရှိရပါသည်။

 

မနောမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News